- ကျွန်တော် ရှေ့မှာလည်း Huawei C8812 ကို ROOT လုပ်နည်း တင်ပေးပြီးသွားပါပြီ။ C-Box မှာ အစ်ကို တစ်ယောက်က အဆင်မပြေဘူးဆိုလို့ သီးသန့်ရေးပေးလိုက်ပါတယ်။ ခုနောက်ပိုင်း CDMA တွေအတွက် အသစ်ထုတ်လိုက်တဲ့ C8812 ကို လူတော်တော်များများ ကိုင်လာကြပါတယ်။ Android Version 4.0.3 ( ICS ) မို့လို့ တော်တော်များများကလည်း စိတ်ဝင်စားကြပါတယ်။ ခုကျွန်တော် ROOT လုပ်နည်းလေး တင်ပေးသွားပါ့မယ်။
- အရင်ဆုံးတော့ C8812 ရဲ့ Driver ကို မိမိစက်မှာ သွင်းပေးထားဖို့ လိုပါတယ်။ မရှိတဲ့သူများအတွက် အောက်မှာ ကျွန်တော် တင်ပေးထားပါတယ်။ မိမိ Windows အလိုက် ဆွဲသွားကြပါ။
ပြီးရင် အောက်မှာ Root ဖိုင်လေးကို Download လုပ်လိုက်ပါ။
ROOT လုပ်နည်း
- အဲ Zip ဖိုင်လေးကို Extra လုပ်လိုက်ပါ။ အဲထဲမှာ ပါလာတဲ့ Recovery.exe ဖိုင်လေးကို Run လိုက်ပါ။
- ပြီးလျှင် မိမိဖုန်းရဲ့ Setting ထဲက Application ထဲမှာ Fast Boot ကို Off လုပ်ထားပေးပါ။
- မိမိဖုန်းရဲ့ SD Card ထဲသို့ ခုနက Extra လုပ်ထားတဲ့ update.zip ဖိုင်လေးကို ထည့်လိုက်ပါ။
- မိမိဖုန်းကို Power ပိတ်လိုက်ပါ။ ပြီးလျှင် Volume Down + Power ကို 3 မိနစ်လောက် ဖိထားပါ။ Huawei Logo မှာရပ်နေပါမယ်။
- Logo မှာ ရပ်နေပါက ဖုန်းကို USB Cable ကြိုးဖြင့် ကွန်ပျုတာနှင့်ချိတ်လိုက်ပါ။
- ခုနက ကွန်ပျူတာမှာ Run ထားတဲ့ Recovery နေရာမှာ Space Bar နှိပ်သွားပါ။ Update လုပ်နေတာကို တွေ့ရပါမယ်။
- ပြီးလျှင် Battery ကို ဆွဲဖြုတ်လိုက်ပါ။ Volume Up + Power ကို ထပ်ပြီး တော့ ဖိထားပေးပါ။ Recovery Mode ထဲ ၀င်သွားပါမယ်။
- ပြီးလျှင် update.zip ဖိုင်လေးကို ရွေးပေးလိုက်ပါ။
- သူ့ကသူ လုပ်နေပါလိမ့်မယ်။ ပြီးသွားပြီဆိုရင်တော့ မိမိဖုန်းဟာ Root လုပ်ခြင်း အောင်မြင်သွားပါပြီ။
- မြန်မာဖောင့်သွင်းနည်း ( Credit to Myanmar Mobile User Club )
- မြန်မာဖောင့်သွင်းနည်းကို MMUC မှ ကိုသူရိန် ရေးထားတဲ့ ပို့စ်လေးကို တွေ့လို့ ပြန် Share လုပ်ပေးလိုက်ပါတယ်။ သွင်းဖို့အတွက် အောက်ကဖိုင်လေးကို Download လုပ်လိုက်ပါ။
အားလုံးအဆင်ပြေကြပါစေဗျာ..
No comments:
Post a Comment