မြင့်မြတ်ကို (ငါးမည်ရ ပြည်ရွှေဘို) www.myintmyatko.blogspot.com

Thursday, June 27, 2013

Mobile Phone များအတွက် အကောင်းဆုံး Screenshot

နာမည်လေးအတိုင်းပဲ အကောင်းဆုံး အလန်းဆုံးပါပဲဗျာ...
သိပြီးသားသူများကျော်သွားပေးကြပါ..
အခုတင်ပေးလိုက်တာက apk မဟုတ်ပါဘူးဗျာ...
မိမိဖုန်းတွေမှာ အော်တိုပါလာတဲ့ Screenshot ရိုက်နည်းလေးပါ..
ကဲစလိုက်ရအောင်ဗျာ..
ကျွန်တော်က Samsung ဖုန်းကို ကိုင်တာဆိုတော့ သူ့အရင်စပြောပါမယ်..
အရင်ဆုံး 2.3 version တွေအရင်ပေါ့
Home ကို 2 စက္ကန့်လောက်ဖိထား ပြီးရင် Power ကိုနှိပ်
Power ကိုနှိပ်ပြီးတာနဲ့ Power ကိုအရင်လွတ်ပါ..Home key ကိုအရင်မလွတ်ပါနဲ့..
ကဲအဲဒါဆို ကင်မရာသံလေးထွက်လာပြီး မိမိရိုက်လိုက်တဲ့ ပုံလေးကို Gallary မှာပြန်ကြည့်လိုက်ပါ

ကဲအခု က 4.0 & 4.1 တွေအတွက် (Samsung)
သူကတော့လွယ်ပါတယ်..Volume down (-) ရယ် Power Key ရယ် ကို
အတူတူ တွဲနှိပ်လိုက်ပါ.. ကင်မရာသံလေးထွက်လာရင် လွတ်လိုက်ပေါ့
ကိုယ်ရိုက်လိုက်တဲ့ပုံလေးကို notification bar မှာ အကြောင်းကြားပါလိမ့်မယ်

ကဲခုက Huawei ချစ်သူများအတွက်နော်..
သူကတော့ Samsung 4.0 & 4.1 လုပ်ဆောင်ချက်နဲ့အတူတူပါပဲဗျာ..
အခုပြောတာ Huawei 4.0 & 4.1 တွေအတွက်နော်...Huawei 2.3 တွေကတော့မရဘူးဗျ
ရတဲ့သူများရှိရင် comment လေးတော့ပေးခဲ့ကြပါဗျာ..
ကျွန်တော်ကလည်း ပညာသင်လေးမို့ပါ အခုလိုတင်ရတာလည်း..
မသိသေးသူများအတွက် ရည်ရွယ်ပြီးတင်ရခြင်းဖြစ်ပါတယ်..


အားလုံးအဆင်ပြေရင်ကျေနပ်ပါတယ်ဗျာ...

No comments:

Related Posts Plugin for WordPress, Blogger...